Tuesday, July 24, 2012

မရှင်းသေနတ်



၁၉၂၇ခုနှစ်ထုတ် ဘုရင်မသရဖူတံဆိပ်ခတ်နှိပ် လက်ကိုင်မှာ သံချေးတက်နေတဲ့နန်းကြိုးတစ်မျှင်
ဆိုင်းထား ဝက်အူတစ်ခုစုပ်ထား အမျိုးအစား ရိုင်ဖယ်
အလေးချိန် (လှံစွပ်နှင့်တကွ) ကိုးပေါင်ဆယ်အောင်စ (လှံစွပ်မပါ) ကိုးပေါင်သုံးအောင်စ
လက်နက်ငယ်ဆိုတာ ဂျိုမပါဘူး ဒါပေမယ့် လေးတယ်
အရည်အချင်း ကိုက်သုံးရာအတွင်းမှရန်သူကို ကောင်းစွာပစ်ခတ်နိုင်
မောင်းဆွဲမရ မောင်းဆွဲ(မ)ရ မောင်းမဆွဲရ မောင်း(မ)ဆွဲရ
ကျည်အိမ်ဗလာ သေနတ်ဟောင်းတစ်လက် ပြောင်းဝ ဒဿမခြောက်မမ ပြောင်းဝ ကျည်ဘယ်နှစ်တောင့်
ထွက်ခဲ့ပြီးပြီလဲ ပြောင်းဝ ကျည်ဘယ်နှစ်တောင့် အ ခဲ့ပြီးပြီလဲ သူပုန်သေနတ်လား သူရဲကောင်းသေနတ်လား
မရှင်း-မရှင်း
သတ်မှတ်ချိန်အတွင်း တစ်စစီ(ဖြုတ်/တပ်/ခင်း/ကျင်း) မရှင်း-မရှင်း-မရှင်း-မရှင်း
ဟေ့ သေနတ်ကို ကလေးချီသလိုချီမထားနဲ့ သေနတ်ကို ကိုယ်နဲ့မကွာအောင်ထား သေနတ်ကို ဖင်ခုမထိုင်နဲ့
သေနတ်ကို ဒရွတ်တိုက်မဆွဲနဲ့ သေနတ်နဲ့ဆိုတော့ တွတ်ပီလိုလို အလန်ကွာတာမိန်းလိုလို
သေနတ်လွတ်ကျရင် ကွင်းတစ်ပတ်ပြေး သေနတ်ပျောက်ရင် သေ
နတ်ပျောက်ရင်…
            တပ်ဖွဲ့ သေနတ်…………….ထမ်း!
            တိတ် နှိပ် သုံး တိတ် နှိပ် သုံး တိတ်
ဘာတဲ့လဲ???
ဒင်ကြီး ဒင်သေး ဒင်ဘု ဒင်ပါး ဒင်ဖနောင့် ဒင်နံပါတ်
ဒင်(ကြီး/သေး/ဘု/ပါး/ဖနောင့်/နံပါတ်)
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့ ကလေးကစားစရာ(လိုလို)သေနတ်တွေ
ကိုင်ရတော့လည်း ကစားစရာရတဲ့ကလေးတွေလို(လို) ပြုံးလို့ ပျော်လို့
ကြွားဖို့ ဝါဖို့
ဓာတ်ပုံရိုက်လိုက်ကြ ဖလက်(ရှ်)…ဖလက်(ရှ်)…ဖလက်(ရှ်)
ဓာတ်ပုံတင်လိုက်ကြ ဖလက်(ရှ်)…ဖလက်(ရှ်)…ဖလက်(ရှ်)
ပြီးတော့…
ဖုန်တောထဲ နေပူထဲ နွားချေးခြောက်ပုံထဲ မှောက်နည်းလင်္ကာအတိုင်း
မှောက်
စောင်း ဘယ်ဒူး ညာဒူး လက်ဖဝါး တင်ပါး လက်ဖျံ တံတောင်
မှောက်
ပစ်မှတ်ကို ဘယ်ဘက်မျက်လုံးမှတ်ပြီး ရှေ့ချိန်သီးနဲ့နောက်ချိန်ပေါက်နဲ့ တန်းအောင်ချိန်
ဝင်သက်ထွက်သက် PAUSE
မောင်းခလုတ်ကို PAUSE လက်ညှိုးလေးနဲ့အသာကွေး PAUSE
ထစ်
သွားပြီဆိုတာနဲ့
လက်ညှိုးမှာရစ်ပတ်တွယ်ကပ်နေတဲ့ ကြွက်သားမျှင်ညှစ်အားများ နောက်တစ်ဆင့်ထပ်တိုးပြီး
ဆယ်နှစ် ဆယ်နှစ် ကြာသွားသည့်တိုင်…

၂၀၁၂ ဖေဖော်ဝါရီ

No comments:

Post a Comment