တစ်ဖက်အသင်းက
ဝတ်နေမကျတဲ့ဝတ်စုံနဲ့
ငါတို့အသင်းက
ဝတ်နေကျဝတ်စုံနဲ့
ပွဲစလို့မှ
ငါးမိနစ်တောင်မကြာသေးဘူး ပေးလိုက်ရပြီ ပင်နယ်တီ ပေးလိုက်ရပြီ GOAL!!!
ရတယ်
တယ်ရီ
ငါတို့
ဆက်သွားကြမယ် ပွဲကစားချိန်ကျန်သေးတယ် ပရိသတ်လည်းရှိသေးတယ် ဒိုင်ကတော့ ပထမပိုင်းမှာတင်
အသင်းရဲ့အားထားရတဲ့ နောက်တန်းညာအစွန်လူတစ်ယောက်နဲ့ အားထားရတဲ့ ရှေ့တန်းတိုက်စစ်မှူး
တစ်ယောက်ကို ကွင်းပြင်ထွက်ခိုင်းလိုက်ပြီ Goal down, Man down အခြေအနေ ဒါပေမယ့် ကစားအားတော့
မဒေါင်းစေနဲ့ တစ်ဖက်အသင်းက ဖလားလု/ယူ/ရ ထားတဲ့အသင်း ဒါပေမယ့် ထစ်ခနဲဆို ပစ်လှဲတတ်တဲ့အကျင့်ကြီးနဲ့
ဒိုင်က
(လုပ်)(နိုင်)(သ)(လောက်) လုပ်မှာပဲ မလုပ်နဲ့ တယ်ရီ မလုပ်နဲ့ ပရိသတ်သိတယ် နှစ်ယောက်လျော့လည်း
ဆက်သွားမယ် ဒိုင်က (ဝါ)(နိုင်)(သ)(လောက်) ဝါမှာပဲ ဂိုးသမားလည်း ဝါမှာပဲ နည်းပြလည်း
ဝါမှာပဲ ပရိသတ်လည်း ဝါမှာပဲ တစ်ဖက်အသင်းက ဝတ်နေမကျတဲ့ဝတ်စုံနဲ့လေ လူပြောင်းထားပေမယ့်
(က)(စား)(ကွက်)မပြောင်းဘူး တစ်ဖက်အသင်းက (လူ/ဥာဏ်)များတယ် အပိတ်အဆို့သန်တယ်
ဒီအခြေအနေမှာ
ဂိုးသွင်း/ရဖို့ဆိုတာ ဒါပေမယ့် ရတယ် တယ်ရီ ဆက်သွားကြမယ်
နောက်တန်းလုံအောင်ထိန်းထား
ကောင်တာဖောက်မယ် သူတို့ရခဲ့တဲ့ဂိုးက ပညာအသား/အဆီ/အနှစ် တစ်စက်မှ မပါဘူး တစ်ဖက်အသင်းအတွက်
ဒိုင်က
ဒိုင်းပဲ + ငါတို့အသင်းအတွက် ဒိုင်က ဒိုင်းပဲ = ပရိသတ်အတွက်လည်း ဒိုင်း ဒိုင်းပဲ
ဒီကစားပွဲမှာ
ဒိုင်က ဆယ့်သုံးယောက်မြောက်ကစားသမား Man of the match
ဒါပေမယ့်
ဒိုင်က (ကြာ)(နိုင်)(သ)(လောက်)
ကြာ=>ဦး=>မှာ=>ပဲ=>
မလုပ်နဲ့
တယ်ရီ မလုပ်နဲ့ ပွဲပြီးချိန်နီးလေ အရေးကြီးလေ အစွန်း အထင်း အပျောက် အရှ
မခံနဲ့
ဘုရားပေးတဲ့လက် မလုပ်ချင်နဲ့ သုံးမှတ်က အဆုံးအဖြတ်မဟုတ်ဘူး
ပရိသတ်သိတယ်
အဖြေဟာ
အဖြေမဟုတ်ဘူး
မလုပ်နဲ့
တယ်ရီ မလုပ်နဲ့ ငါတို့ ရှုံးပေမယ့် နိုင်တယ်
မလုပ်နဲ့
တယ်ရီ မလုပ်နဲ့ It’s just one match!
မလုပ်နဲ့
တယ်ရီ မလုပ်လိုက်နဲ့ နောက်ပွဲတွေကျန်သေးတယ်
(၂၃၊၁၀၊၂၀၁၁)
No comments:
Post a Comment