Tuesday, July 17, 2012

တရွေ့ရွေ့ပိုးမွှားများ



ငါ့ကိုယ်ထဲမှာ ပိုးမွှားတွေ တရွေ့ရွေ့
တရွေ့ရွေ့ ပိုးမွှားတွေ ငါ့ကိုယ်ထဲမှာ တရွေ့ရွေ့
ကိုရီးယားဇာတ်လမ်းတွဲတွေလို တရွေ့ရွေ့
လည်ချောင်းကို မီးရှို့လိုက်တဲ့ အဆိပ်ရည်/ငွေ့တွေလို တရွေ့ရွေ့
လျှော်လေပြဲလေ ကောင်းကင်တစ်စလို တရွေ့ရွေ့
သမင်မွေးရင်း ကျားစားရင်း အစိမ်းရောင်လွင်ပြင်တွေလို တရွေ့ရွေ့
အမှတ်ပေးဘောလုံးပွဲ ဆုဖလားတွေလို တရွေ့ရွေ့
မြန်နှုန်းမြင့် ကွန်နက်ရှင်တွေလို တရွေ့ရွေ့
အကကောင်းတဲ့ ရှာကီရာရဲ့ဝါကာဝါကာလို တရွေ့ရွေ့
လက်ဘက်ရည်ဆိုင်က ရေနွေးကြမ်းတစ်အိုးလို တရွေ့ရွေ့
ပေါက်သွားရင် အမှတ်စဉ်ဆက်ထိုးမယ့် ဟောလီးဝုဒ်ရုပ်ရှင်လို တရွေ့ရွေ့
ကြာလေမှိန်လေ အယ်အီးဒီမီးလုံးတွေလို တရွေ့ရွေ့
လက်တို့ပြီးတော့ ပြောရအုံးမယ့် touch screen တွေလို တရွေ့ရွေ့
ဝရမ်တီမရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေလို တရွေ့ရွေ့
ဖောင်းပွလာတဲ့ တံဆိပ်တွေလို တရွေ့ရွေ့
ပတ်တီးအဖွေးသားနဲ့ အကြွေတွေလို တရွေ့ရွေ့
တစ်ခါပဲသုံးခွင့်ရှိတဲ့ တစ်ခါသုံးတွေလို တရွေ့ရွေ့
တရွေ့ရွေ့ စကြ၀ဠာသေးသေးထဲက တရွေ့ရွေ့
နဂါးငွေ့တန်းဂလက်ဆီသေးသေးထဲက တရွေ့ရွေ့
နေအဖွဲ့အစည်းသေးသေးထဲက တရွေ့ရွေ့ ကမ္ဘာသေးသေးထဲက
တရွေ့ရွေ့ ပိုးမွှားသေးသေးများ တရွေ့ရွေ့
တရွေ့ရွေ့…

ပြုံးစရာ - မတ်၊ ၂၀၁၂။
ရယ်စရာ - မေ၊ ၂၀၁၂။

No comments:

Post a Comment