တစ်ရေးနိုးတဲ့အခါ
တစ်ရေးနိုးတဲ့အခါ ရေထသောက်တယ်
တစ်ရေးနိုးတဲ့အခါ အိမ်သာသွားတယ် တစ်ရေးနိုးတဲ့အခါ ခွေးဟောင်သံကြားရတယ်
တစ်ရေးနိုးတဲ့အခါ လသာတာကိုမြင်ရတယ်။
တစ်ရေးနိုးတဲ့အခါ အိမ်မက်ဆိုးက လွတ်မြောက်လာတယ်
တစ်ရေးနိုးတဲ့အခါ နတ်သမီးအိမ်မက်တွေ ပျောက်ကွယ်သွားတယ်
တစ်ရေးနိုးတဲ့အခါ ကြယ်ရောင်လရောင်တွေ ဆူညံနေတယ် တစ်ရေးနိုးတဲ့အခါ ၀င်သက်ထွက်သက်တွေ အေးချမ်းနေတယ်။
တောအုပ်က တစ်ရေးနိုးတဲ့အခါ စိမ်းလန်းဖို့ ကြိုးစားတယ်
စမ်းချောင်းက တစ်ရေးနိုးတဲ့အခါ စီးဆင်းဖို့ စတင်တယ်
ကျေးငှက်က တစ်ရေးနိုးတဲ့အခါ ပျံသန်းဖို့ ဦးတည်တယ်
သားရဲက တစ်ရေးနိုးတဲ့အခါ တောလိုက်ဖို့ အားထုတ်တယ်။
အိုဘားမား တစ်ရေးနိုးတဲ့အခါ ပြောင်းလဲခြင်းကို စဉ်းစားတယ်
ဘန်ကီမွန်း တစ်ရေးနိုးတဲ့အခါ ငြိမ်းချမ်းခြင်းကို တွေးတောတယ်
ကင်မ်ဂျုံအီးလ် တစ်ရေးနိုးတဲ့အခါ ခြိမ်းခြောက်ခြင်းကို ကြံဆတယ်
ဘီလ်ဂိတ် တစ်ရေးနိုးတဲ့အခါ ဆန်းသစ်ခြင်းကို ရှာဖွေတယ်။
တရုတ်ပြည်ကြီး တစ်ရေးနိုးတဲ့အခါ စီးပွားရေးနယ်ချဲ့တယ်
အမေရိကန် တစ်ရေးနိုးတဲ့အခါ အုပ်ချုပ်ရေးနယ်ချဲ့တယ်
အီရန် တစ်ရေးနိုးတဲ့အခါ နျူးကလီးယားနယ်ချဲ့တယ်
အိန္ဒိယ တစ်ရေးနိုးတဲ့အခါ အိုင်တီနယ်ချဲ့တယ်။
တကယ်လို့များ ‘ကမ္ဘာကြီး’ တစ်ရေးနိုးလာတဲ့အခါ…။ ။
ပေဖူးလွှာ (June, 2011)
No comments:
Post a Comment