Tuesday, April 3, 2012

မလိုင်






ကျုပ်ရိုက်တဲ့ ဂေါက်သီးဆိုရင်
ဂေါက်ကျင်းတွေက အလုအယက်ဝိုင်းဖမ်းကြတာပဲ
ကျုပ်ကသူဌေးကိုး

ကျုပ်ကြိုက်တဲ့ ငါးဆိုရင်
အရှင်လတ်လတ် အကြေးထိုးပြီးစားပစ်လိုက်တာပဲ
ကျုပ်ကပိုက်ဆံပေါတာကိုး

ကျုပ်ရဲ့ ရွှေလှောင်အိမ်ထဲမှာ
အမြီးရှည်ရှည်နဲ့ငှက်တွေ အများကြီးဝယ်မွေးထားတယ်
ကျုပ်ကငွေရွှင်တာကိုး

ကျုပ်သေရင်မြှုပ်ဖို့အတွက်
တိုက်ကြီးခုနှစ်တိုက်က မြေတွေအကုန်လုံးကို ၀ယ်ထားပြီးပြီ
ကျုပ်သင်္ချိုင်းမှာ ခွင့်ပြုချက်မရဘဲ
ဘယ်တစ္ဆေမှ လာမခြောက်ရဘူး
ကျုပ်ကမြေရှင်ကိုး

လင်းဇင်ယော်
IDEA Magazine (April,2011)


No comments:

Post a Comment