Sunday, September 1, 2013

ဘာဘယ်



စကား။
ဘာစကားလဲ။ ဘာသာစကား။ ဘာဘာသာစကားလဲ။
ကိုယ့်ဘာသာစကား။ ကိုယ့်ဘာသာရဲ့ ကိုယ်ပိုင်ဘာသာစကား။
အာသာမပြေတဲ့ ဘာသာစကား။ အရိုးများသလား။
ချေးခါးသလား။
ဘာစကားပြောတာလဲ။ ဘာသာစကားပြောတာ။ ကိုယ့်ဘာသာ
ကိုယ်စကားပြောတာ။ ကိုယ့်ဘာသာစကား ကိုယ်ပြောတာ။ ကိုယ်ပြောလို့
ကိုယ့်ဘာသာစကားဖြစ်တာ။ ဘာသာစကားရဲ့ ဘာသာစကားရဲ့ ဘာသာစကား
ရဲ့ ဘာသာစကား။ စကားစကားပြောပါများ စကားထဲကဘာသာစကား။
တောစကား။ တောင်စကား။ ဘာစကား။ ညာစကား။
ဘာာာာာာာ…။ ညာာာာာာာ…။
ဘာဘာညာညာ။ ဘာညာညာ။ ဘာဘာဘာညာညာ။
ဘာညာစကား။
ဘာဘယ်(လ်)စကား။
ဒါ! ဒါ! ဘာစကားလဲ? ဒါဒါဘာသာစကား။
ဒါဒါ…ဒီဒီ…ဒါဒါဒါ…ဒီဒီဒီ…။
ဒီး…ဒို…ဒီးးးး…။
အာ!!! ဘာစကားတွေလဲ
ကွာာာာာ။
အာဘာသာစကား။ အာပလာ
ဘာသာစကား။ အာလူးဘာသာစကား။ အာလာလာဘာသာစကား။
လျှာလာလာဘာသာစကား။ လာလာ။ ဘာသာစကား။
လာပါလာပါ ဘာသာစကား။
အယ်လ်…အို…ဗီ…အီး…အာလ်…ဘာသာစကား။
ကာကာဘာသာစကား။ ခါခါဘာသာစကား။ ဂါဂါဘာသာစကား။
ငါဘာသာစကား။ ငါ့ဘာသာစကား။ ငါးဘာသာစကား။
စာစကား။ ဗမာစာ။ ဗမာစကား။ ကမ္ဘာစာ။ ကမ္ဘာစကား။
စာကလေးဘာသာစကား။ စာကြီးပေကြီးဘာသာစကား။
ဇာပုဝါပါးဘာသာစကား။
စကားထာ (အ) ထာစကား။
နာဆာဘာသာစကား။ အနာအဆာဘာသာစကား။ ဘာ
နာတာလဲ။ ဘာနာနာဘာသာစကား။ ပါပါယာဘာသာစကား။
သာသာယာယာဘာသာစကား။ ပြာပြာယာယာဘာသာစကား။ ပါပါရာဇီဘာသာစကား။
ဖာစကား။ ဘာဖာစကားလဲ။ ဘာဖာဘာသာစကား။
ဘာဖာ…ဘာဖာ…ဘာဖာ…ဘာဖာ…။
မာမာချာချာဘာသာစကား။ မာလိုက်တဲ့ဘာသာစကား။ ချာလိုက်တဲ့ဘာသာစကား။
ဘာချာတာလဲ။ ဘာဂျာဘာသာစကား။ ဘလာ ဘလာ ဘာသာစကား။
ဗလာဘာသာစကား။ အဝါဘာသာစကား။ ဝါတာတာဘာသာစကား။
ဝါကာဝါကာဘာသာစကား။
သာမဏေန သာမနော ဘာသာစကား။ ဟာဗျာ။
ဘာဗျာတာလဲ။ ကဗျာလေ။ ဘာကဗျာလဲ။
ဘာသာ။ စကား။ ကဗျာ။

လင်းဇင်ယော်
၂၀၁၃၊ သြဂုတ်။

No comments:

Post a Comment