Sunday, June 23, 2013

အရေးအသားဆင်းရဲ



ဆင်းရဲ
တွင်းထဲကဆင်းရဲ
အဆင်းရဲရဲ အတက်ခက်
ရဲသော်မသေ သေသော်မဆင်းရဲ
ဆင်းဆင်းရဲရဲ မဆင်းမရဲ ဆင်းရဲ ဆဲရင်း
ဆိုရင်း ဆင်းရဲပြီးရင်းဆင်းရဲ ဒါထက်ပိုပြီး ဆင်းရဲ
စီးပွားဖြစ်ဆင်းရဲ တိုးတက်ရာတိုးတက်ကြောင်းဆင်းရဲ
မပြောမပြီး မတီးမမြည် ဆင်းရဲ ပြောမဆုံးပေါင် တောသုံးထောင်
ဆင်းရဲ အလျားလိုက်ဆင်းရဲ ဒေါင်လိုက်ဆင်းရဲ တောက်တောက်ပြောင်ပြောင်
ဆင်းရဲ ဖြန့်ထွက်ဆင်းရဲ ဟိုတယ်တက်ပြီးဆင်းရဲ နိုင်ငံကြီးသားပီသစွာဆင်းရဲ
ပစ်ချလိုက်ရမလား အပစ်အခတ်ရပ်ဆဲရင်း ဆင်းရဲ ပါတယ်ပြောရင်းဆိုရင်း ပျော်ပျော်ကြီး
ဆင်းရဲ ခြင်းလွတ်ကင်းအောင် ဆင်းရဲချင်ပါသည် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ဆင်းရဲ
ပိတ်ဆို့အရေးယူသီးခြားဆင်းရဲ ပွင့်လင်းလွတ်လပ်ဒုန်းစိုင်းဆင်းရဲ ရတနာစိန်ကျောက်ဇယ်တောက်
ဆင်းရဲ သီရိသုဓမ္မသိင်္ဂီ သီဟသုဓမ္မသိင်္ဂီ ဇောတိကဆင်းရဲ ရေပေါ်ရေအောက် လေပေါ်လေအောက်
သူ့မြေမှာဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာကောက်လျင်ကြီးဆန်နီတာလန်နှင့် ပင်လယ်ရေပိုင်နက်အတွင်း ငါးသန်
သေးနုတ်ရေလုံပြုတ်များဖြင့် ရာသီအလိုက်ဆင်းရဲ တွင်းပေါင်းရှစ်သောင်းလေးထောင်တိတိ သက်တောင့်
သက်သာဆင်းရဲ အောင်နိုင်သူစစ်သူကြီးဆင်းရဲနှင့် သူတောင်းစားဂိုဏ်းချုပ်ကြီးဆင်းရဲတို့
မဟာအင်အားကြီးဆင်းရဲများတိုးတိုက်မိပြီးနောက်
အရှင်မွေးနေ့ချင်းဆင်းရဲရာကြမ္မာမရိုးသာ…

၂၀၁၃၊ ဇွန်။

No comments:

Post a Comment