Thursday, June 7, 2012

လုပ်လက်စတွေခဏရပ်-ဒီနေရာမှာ-ဗျောက်ဖောက်မလို့


မီးခြစ်နဲ့ဖောက် အမွှေးတိုင်နဲ့ဖောက် လက်ထဲကိုင်ပြီးဖောက် ဝေးဝေးပစ်ပြီးဖောက် ရေသန့်ဘူးထဲထည့်ဖောက် အုန်းမှုတ်ခွက်ထဲထည့်ဖောက် သဲထဲမြှုပ်ပြီးဖောက် ဖန်ခွက်ကွဲအောင်ဖောက် နားစည်ကွဲအောင်ဖောက် မျက်လုံးစုံမှိတ်ပြီးဖောက် မျက်လုံးတစ်ဖက်မှိတ်/ဖွင့်ပြီးဖောက် တစ်ခါတည်းပဲဖောက် နှစ်ခါသုံးခါဆက်ဖောက် အလုံးကြီးကြီးဖောက် အသံကျယ်ကျယ်ဖောက် စိတ်လွတ်ကိုယ်လွတ်ဖောက် ဦးစိုက်ကျွမ်းပြန်ဖောက် အရေပြား
စုတ်ပြတ်သတ်သွားအောင်ဖောက် သွေးသံတရဲရဲဖောက် အမောဖောက်အောင်ဖောက် မိုးပေါ်ထောင်ပြီးဖောက် နားထင်မှာတေ့ပြီးဖောက် နဖူးပေါ်တင်ပြီးဖောက် ဖောက်လွှဲဖောက်ပြန်ဖောက် ဖောက်ဖျက်မရအောင်ဖောက် ဖောက်သည်ယူပြီးဖောက် ပေါက်ပေါက်ဖောက်သလိုဖောက် ဘီးပေါက်သလိုဖောက် ထုတ်ချင်းပေါက်အောင်ဖောက်
ခံတွင်းပေါက်အောင်ဖောက် ဇကာပေါက်ပေါက်အောင်ဖောက် မှားတာရှိရင်တောင်းပန်လို့မရအောင်ဖောက် ရေစီးရေလာကောင်းအောင်ဖောက် ရွှေလမ်းငွေလမ်းဖောက် ဆိုင်လင်ဇာတပ်ပြီးဖောက်
ဂရမ်မီဆုရအောင်ဖောက် ဂင်းနစ်မှတ်တမ်းဝင်အောင်ဖောက် ဂလိုဘယ်ဖြစ်အောင်ဖောက်
ဆယ့်ငါးသိန်းရအောင်ဖောက် ဆေးဖြစ်ဝါးဖြစ်ဖောက် စီးဖြစ်ပွားဖြစ်ဖောက်
လက်တစ်လုံးခြားဖောက် ခိုးကူးလို့မရအောင်ဖောက်
ကိုယ့်အတွက်ကျန်အောင်ဖောက် အသားတိုးအောင်ဖောက်
စိတ်ပျက်လက်ပျက်ဖောက် အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်အောင်ဖောက်
နားနားပြီးဖောက် ပိန်းကြာရွက်တွင်ရေမတင်သကဲ့သို့ဖောက်
နဲဗားဆေးနဲဗားလို ပဲဆီနှမ်းဆီစက်ဆီလို
ဖောက်
လွယ်သလားခက်သလားရာမလို ဆယ်နှစ်ဆယ်နှစ်လို
ဖောက်
တွမ်တိစင်ကျူရီဖောက်စ်လို ဖိုင်းယားဖောက်စ်လို
ဖောက်
ပီကေပူဖောင်းလို ဟိုက်ဒရိုဂျင်ဗုံးလို
ဖောက်
ကိုကာကိုလာလို ရှန်ပိန်ပုလင်းလို
ဖောက်
ဟော့ကင်းရဲ့တွင်းနက်ကြီးလို
ဖောက်

၂၀၁၁၊ အောက်တိုဘာ။

No comments:

Post a Comment