အစက
တစ်ယောက်အိပ်
ခြင်ထောင်လေး တစ်လုံးတည်းရယ်
နောက်တော့
နှစ်ယောက်အိပ်ခြင်ထောင်နဲ့ ဖြစ်လာပေါ့
ဒီလိုနဲ့
နှစ်ယောက်အိပ်ခြင်ထောင်ဘေးမှာ ခြုပ်ခြင်ထောင် ပိစိကွေးလေးတစ်လုံး ရောက်လာခဲ့
ပြီးတော့
နောက်တစ်လုံး…
ကြာလာတော့
ဧရာမခြင်ထောင်ကြီးတစ်လုံး ၀ယ်ရပြန်ပေါ့
တဖြည်းဖြည်းနဲ့
ခြင်ထောင်ကြီးရဲ့ ကြိုးတစ်ဖက် စပြတ်ခဲ့
သိပ်မကြာခင်မှာပဲ
နောက်ထပ်ကြိုးတစ်ဖက် ထပ်ပြတ်သွားခဲ့
အခုတော့
အဖာအထေးတွေ
ဗရပွနဲ့ ချောင်ထိုးထားခဲ့တဲ့
နှစ်ယောက်အိပ်
ခြင်ထောင်ဟောင်းလေးကိုပဲ ပြန်ထောင်ရတော့မယ်။
။
ချင်းတွင်း
- ၂၀၁၃၊ ဖေဖော်ဝါရီ-မတ်။
No comments:
Post a Comment