ဆန်ပြာနေတဲ့အဒေါ်ကြီးကို
အရင်ဆွဲ၊
စပါးပုံဆွဲ၊
နွားလှည်းဆွဲ၊ သစ်ပင်ဆွဲ၊ ဆွမ်းလောင်း
နေတဲ့အဒေါ်ကြီးနဲ့
အိမ်လေးတွေဆွဲ၊ ပြီးရင် လယ်ကွက်မျဉ်းဆွဲ၊
တောင်ဆွဲ၊
အမဲလိုင်းနဲ့ဆွဲထားတဲ့အတိုင်း
ခဲအရင်ဆွဲပါ
မိုးကောင်းကင်
စခြယ် တိမ်ကိုအပြာခြောက်မှ ဆေးအဖြူနဲ့ နောက်မှထည့်ပါ
တောင်ကိုဗေဒါအရင်ခြယ်
ပြီးမှခရမ်းနဲ့မှောင်
ပန်းရောင်ခြယ်ထားတဲ့ဆည်ကို
မကျန်စေနဲ့
ပြီးရင်
လယ်ကွင်းနဲ့စပါးပုံခြယ်ရင် အဝါနုနဲ့အရင်ခြယ်ပါ ပြီးမှ အဝါရင့်နဲ့
မှောင်ပါ
အိမ်ခေါင်မိုးနဲ့နွားလှည်းကို
အဝါရင့်+အဖြူနဲ့ အရင်ခြယ်ပါ
အဝါရင့်
အညိုနု ခရမ်းနဲ့ တစ်ဆင့်စီမှောင်ပါ
အပင်တွေက
အစိမ်းရင့်တင်ပြီး အစိမ်းနုနဲ့လင်းရင် သတိထားပါ
အစိမ်းနုတင်တာ
နည်းနည်းနေတယ်
လူကို
အလင်းအမှောင်ထည့်ပြီး ကွပ်ရင်အမဲနဲ့မကွပ်ပါနဲ့ အညိုနဲ့ပဲကွပ်ပါ
ပုံမှ
မြင်သာအောင် အမဲနဲ့ကွပ်ပေးထားတာ
မျက်လုံး
မျက်ခုံးနဲ့ ဆံပင်ပဲ အမဲခြယ်ပါ
နွားလှည်းဆွဲရာမှာ
သတိထားပါ
လှည်းဘီးကြီးပြီး
နွားက ရှေ့ပိုင်းသေးသွားမယ်။
၂၀၁၃၊
ဧပြီ။
(အားလပ်ရက် အိမ်ရှင်းရင်းက ထွက်လာတဲ့ လွန်ခဲ့တဲ့ ၁၅
နှစ်လောက်ကပန်းချီပုံတစ်ပုံရဲ့ နောက်ကျောဘက်မှာ ပန်းချီဆရာမ
ရေးပေးလိုက်တဲ့စာတွေပါ။)
No comments:
Post a Comment