တောင်မမှည့်ရသေးဘူး
သေပြီ
တစ်လုံးသောက်ရင်
ခေါင်းကိုက်ပျောက်တယ်
ခေါင်းမပါတဲ့ကောင်က
ပုခုံးမှာတစ်လို့
အလုံးနှစ်ဆယ်သောက်ရင်
သေတတ်တယ်
ဆေးကုမ္ပဏီဆိုတာ
ကျွန်တော်-ကျွန်မတို့အတွက် ခရိုနီပါပဲ
ဘိုင်အိုဂျက်ဆစ်
- နံပါတ်တစ်
လေပြွန်ကိုဓားနဲ့ခွဲလိုက်တော့
သေမင်းသေခြင်းဟာရှူးခနဲ ပြန်ထွက်သွား
စန္ဒာမွှေးနေပြန်ကောင်းလာတယ်
စန္ဒာမွှေးတငိုငိုတရီရီနဲ့
ဘယ်သူခဲနဲ့ပေါက်တာလဲ
သူ့ရင်ဘတ်ထဲစက်ခေါင်းအိုကြီး
ထည့်ခုတ်မောင်းလို့
မုတ်ဆိတ်မီးစွဲ
ကျီးကန်းချီးပါ နွားမပေါင်ကျိုး
သောက်စေချင်ခုတင်တွင်ထောင်ခဲ့ကွယ့်
လိမ္မော်ရောင်တွေ
တစ်ဝက်နဲ့ကုန်သွားတယ်
ညိုနွဲ့ရဲ့လေး
ခန္ဓာကိုယ်ဟာ
လေးကိုင်းသဏ္ဍာန်ကွေးညွှတ်လာ
လေးညှို့ဆွဲထားသူ
သေမင်းသေခြင်းလား
ဆေးတံတိုတစ်ညိုလောက်
ကျွန်တော်-ကျွန်မတို့ဟာ
ခရိုနီပါပဲ
ငရဲမီးနဲ့ပက်မှာစိုးတယ်
ဘယ်လိုပြောရမလဲ
ကမ္ဘာကြီးပူသထက်ပူ ပူ ပူ ပူ ပူနွေးလာပြီ
ဘိုင်အိုဂျက်ဆစ်
နေ့လည်စာ
အုန်းထမင်းနဲ့ကြက်သားဟင်း
နံပါတ်တစ်
လင်းဇင်ယော်
၂၀၁၃၊
ဧပြီ။
No comments:
Post a Comment