Sunday, March 31, 2013

တိမ်တွေပေါ်တက်မနင်းရ



မြေဖြူခဲနဲ့ဆွဲနေတော့ ကုလားမစည်းနင်းမယ်ထင်နေတာ
အလယ်ကပန်းရောင် ပုရွက်ဆိတ်လား ယုန်လား
အနီရောင်မခြယ်ဘူးလား အနီရောင်ကလှတယ် အနီရောင်သုံးပါလား
အနီရောင်စိုစို
ဝက်ဝံကြီး ပျားရည်လျက်နေတဲ့ပုံဆွဲပါလား ဟန်နီ
ဘယ်သူကျားမြီးဆွဲထားသလဲ
ကျားကြီးဘေးမှာ လွတ်နေတယ် မြည်းကလေးဖြစ်ဖြစ် ဘောလုံးဖြစ်ဖြစ်
ကျားကြီးကိုယ်ပေါ်က အစင်းတွေနောက်ဆုံးမှကျားမှာ
ကောင်းကင်ကြီးလည်းပြာဦးမှာ တိမ်တိုက်တွေလည်းပါဦးမှာ
အစိမ်းရောင်ကုန်သွားပြီ အစိမ်းရောင်ထပ်စပ်ပေးပါဦး
ဆင်ကြီးခေါင်းပေါ်က ဖဲပြားမဟုတ်ဘူး ဦးစွန်းဖုတ်
နဖူးကချွေး ဆေးပုံးထဲစေးပျစ်
နာနာမွှေ ဒါမှအရောင်တက်လာမှာ
သားပိုက်ကောင်က အမြီးနဲ့ခန္ဓာကိုယ် တစ်ရောင်တည်းခြယ်ရမှာလား
အားလုံးထဲ ဆင်ကြီးအလှဆုံး
မြေဖြူအတိုအစတွေ လွှင့်ပစ်လိုက်တော့
ကိုယ့်သစ်ရွက် ကိုယ်ပြန်မနင်းရက်
ဆေးပုံးအောက်ခြေ၌ အဝါရောင်များ အနည်ထိုင်

၂၀၁၃၊ မတ်။

No comments:

Post a Comment