Tuesday, November 6, 2012

တစ်ယောက်တည်းကစား


ဘယ်နယ်ရုပ်လဲ
အလယ်ကနယ်ရုပ် (စကားမဝဲ) ရှေ့နှစ်ကွက်တက်
(ရဲ)ရဲတိုက် ရဲရဲတက်

ငါ အဖြူ
ငါ အမည်း

သေချာရင် ကိုယ့်မြင်းကိုယ်စိုင်း

လမ်းဆုံးရင်ဘုရင်မ တွေ့မယ်
ငါ့ဘုရင်မတွေ ငါ့ဘုရင်တွေကိုမိအောင်ဖမ်းကြ

ငါ့ဘုရင်လုံခြုံရေးအတွက်
ငါ့နယ်တွေထိုးကျွေး

လမ်းလယ်ခေါင်ကို ဘုန်းကြီးတက်လာပြီ!
လမ်းလယ်ခေါင်ကို ဘုန်းကြီးတက်လာပြီ!

(ငါ)
အဖြူ အမည်း
မသဲကွဲ

လူကိုနေရာရွှေ့ရမလား
ခုံကိုနေရာရွှေ့ရမလား

ချစ်-ချက်-ချစ်-ချက်-ချစ်-ချက်-ချစ်-ချက်

ငါ့ဘုရင်
ငါ့လက်ကလွတ်အောင်
ဆယ့်ခြောက်ကွက်
ပြေး

၂၀၁၂၊ နိုဝင်ဘာ။

No comments:

Post a Comment