Saturday, November 24, 2012

ဒီရက်ပိုင်း ဒါပဲထွက်တယ်


အမေ့
သား အိမ် မှ
ခေါင်းနဲ့ဆင်းမလား ခြေနဲ့ဆင်းမလား

ကိုယ့်အရှက်(ကြိုး)နဲ့ကိုယ် ကြိုးဆွဲချဖို့ကြံစည်

ညှစ် ဖို့ ညှစ် ဖို့ အား မ ရှိ
ညှစ် ခေါင်းထွက်ရင် ကိုယ်ထွက်တယ်
ညှစ် လမ်းကြောင်းရှင်းထားတယ် လမ်းကြောင်းချဲ့ထားတယ်
ညှစ် နားနားပြီး ညှစ်

မွေးရင်ပြီးပြီ

ထုတ်လုပ်လိုက်တဲ့ အရင်း/အနှီးရဲ့ အလေး/အချိန်ကို အမှတ်အသားပြုပြီးသကာလ
ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြ

လက်တစ်ဆုံးနှိုက်ထုတ်မှ ကပ်ကပ်သတ်သတ် (အရည်)အချင်းက သွေးသံရဲရဲထွက်လာ

ဒဏ်ရာမပေါ်အောင်ချုပ်ပေးလိုက်တယ်
မှန်ထောင်ကြည့်

၂၀၁၂၊ နိုဝင်ဘာ။

No comments:

Post a Comment