ဘယ်အချိန်ထပေါက်မယ်မှန်းမသိတဲ့ဗိုက်တွေ
ဘယ်အချိန်ထပေါက်မယ်မှန်းမသိတဲ့ဗုံးတွေ
ဗိုက်တွေမြိုချထားတဲ့
မြစ်ချောင်းတွေ တောင်တန်းတွေ သစ်တောတွေ သယံဇာတတွေ သန့်ရှင်းတဲ့လေထုတွေ
ဗိုက်တွေမြိုချထားတဲ့
မြို့ရွာတွေ လမ်းတံတားတွေ အိုးအိမ်တွေ လယ်ယာတွေ မိသားစုတွေ
ဗိုက်တွေမြိုချထားတဲ့
စာသင်ကျောင်းတွေ ဆေးရုံတွေ ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေ
ဗိုက်တွေမြိုချထားတဲ့
လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေ ပွင့်လင်းမြင်သာမှုတွေ တရားမှုတမှုတွေ စစ်ပွဲတွေ
ဗိုက်တွေမြိုချထားတဲ့
လက်ပစ်ဗုံးတွေ မျက်ရည်ယိုဗုံးတွေ မီးခိုးဗုံးတွေ မီးလောင်ဗုံးတွေ အနုမြူဗုံးတွေ
ဗိုက်တွေမြိုချထားတဲ့
တိုင်းပြည်တွေ
ဗုံးတွေမြိုချထားတဲ့
မြစ်ချောင်းတွေ တောင်တန်းတွေ သစ်တောတွေ သယံဇာတတွေ သန့်ရှင်းတဲ့လေထုတွေ
ဗုံးတွေမြိုချထားတဲ့
မြို့ရွာတွေ လမ်းတံတားတွေ အိုးအိမ်တွေ လယ်ယာတွေ မိသားစုတွေ
ဗုံးတွေမြိုချထားတဲ့
စာသင်ကျောင်းတွေ ဆေးရုံတွေ ဘုန်းကြီးကျောင်းတွေ စေတီပုထိုးတွေ
ဗုံးတွေမြိုချထားတဲ့
လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေ ပွင့်လင်းမြင်သာမှုတွေ တရားမှုတမှုတွေ စစ်ပွဲတွေ
ဗုံးတွေမြိုချထားတဲ့
အရေပြားတွေ နှလုံးသား အရိုးအသားတွေ အသက်ရှူသံတွေ မျက်ရည်စတွေ
ဗုံးတွေမြိုချထားတဲ့
တိုင်းပြည်တွေ
ဗုံးတန်ခိုးအာဏာအရှိန်အဝါနဲ့စောင့်ရှောက်ထားတဲ့ဗိုက်တွေ
ဗိုက်တွေကြားကငါတို့
ဘယ်အချိန်ထပေါက်မယ်မှန်းမသိ
ဗုံးတွေကြားကငါတို့
ဘယ်အချိန်ထပေါက်မယ်မှန်းမသိ
ဗိုက်တွေကလက်ထိုးအန်ထုတ်လိုက်တဲ့
ဗုံးတွေ ဗုံးတွေ ဗုံးတွေ
ဗုံးတွေ
ဗုံးပေါလအော ပေါက်ကွဲ
လင်းဇင်ယော်
၂၀၁၂၊ နိုဝင်ဘာ။