Sunday, August 19, 2012

ဖွင့်လိုက် ပိတ်လိုက် သေတ္တာ




တစ်လုံးတည်းပေမယ့် အားလုံးထည့်ထားရတယ်
အားလုံးကို တစ်လုံးတစ်ခဲထည့်ထားရတယ်
ထည့်လိုက် ထုတ်လိုက် သေတ္တာ

စောင်နဲ့ခြင်ထောင် လုံးထွေးခေါက်ထည့်လိုက် အသင့်ခေါက်ပြီးယူနီဖောင်းထုတ်လိုက် ခေါင်းအုံးအောက်က
မှတ်စုစာအုပ်ပစ်ထည့်လိုက် ကော်ဖီမစ်ထုပ်ထုတ်လိုက် လက်နှိပ်ဓာတ်မီးထည့်လိုက် ခေါင်းအုံးတစ်ခုလုံး ထိုးသိပ်
ထည့်လိုက် ခြင်္သေ့တစ်ကောင်နှစ်ကောင်ဆွဲထုတ်လိုက် ညကဝတ်ပြီးသားအဝတ်ခေါက်ထည့်လိုက်
အတွင်းခံဘောင်းဘီထုတ်လိုက် လျှော်ပြီးသားခြေအိတ်တွေပြန်ထည့်လိုက်
မခြောက်သေးဘူးပြန်ထုတ်လိုက် သေတ္တာပိတ်လိုက် သော့ခတ်လိုက်
စွပ်ကျယ်မဝတ်ရသေးဘူး ပြန်ဖွင့်လိုက် အဆာပြေစားဖို့
မုန့်ထုပ်တွေ ထုတ်လိုက် သေချာပြီဆိုပြီးပြန်ပိတ်လိုက်
ဦးထုပ်မေ့ကျန်ခဲ့လို့ပြန်ဖွင့်လိုက် ဂျိုင်း(ခနဲ)ချွေးနံ့ပျောက်ဆေးယူပွတ်လိုက်
ဂျိုင်းခနဲ သေတ္တာပိတ်လိုက်
ခင်းကျင်းမှု မှန် မမှန်စစ်လိုက်
သော့ခတ်လိုက်

အသစ်ထည့်လိုက် အဟောင်းထုတ်လိုက်
အသစ်နဲ့အဟောင်း ရောထည့်/ထည့်ရောလိုက်
အသစ်ရော အဟောင်းရော အုတ်ရောရော ကျောက်ရောရောလိုက်
မေ့ကျန်ခဲ့တာတွေ ထုတ်လိုက်
မေ့ကျန်ခဲ့တာတွေ ထည့်လိုက်
မေ့ကျန်ခဲ့တာတွေ ဖွင့်ထုတ်လိုက်
မေ့ကျန်ခဲ့တာတွေ ထည့်ပိတ်လိုက်
(ဖွင့်)(ထုတ်)(ထည့်)(ပိတ်)
(ဖွင့်)(ထည့်)(ထုတ်)(ပိတ်)

ဖွင့်လိုက်
ပိတ်လိုက်
တစ်သက်တာ

IDEA - ၂၀၁၂၊ စက်တင်ဘာ။

No comments:

Post a Comment