Friday, April 19, 2013

ပုံမှာ လူအကြီးအသေး သတိထားပြီးချိန်ဆွဲပါ



ဆန်ပြာနေတဲ့အဒေါ်ကြီးကို အရင်ဆွဲ၊
စပါးပုံဆွဲ၊ နွားလှည်းဆွဲ၊ သစ်ပင်ဆွဲ၊ ဆွမ်းလောင်း
နေတဲ့အဒေါ်ကြီးနဲ့ အိမ်လေးတွေဆွဲ၊ ပြီးရင် လယ်ကွက်မျဉ်းဆွဲ၊
တောင်ဆွဲ၊
အမဲလိုင်းနဲ့ဆွဲထားတဲ့အတိုင်း ခဲအရင်ဆွဲပါ
မိုးကောင်းကင် စခြယ် တိမ်ကိုအပြာခြောက်မှ ဆေးအဖြူနဲ့ နောက်မှထည့်ပါ
တောင်ကိုဗေဒါအရင်ခြယ် ပြီးမှခရမ်းနဲ့မှောင်
ပန်းရောင်ခြယ်ထားတဲ့ဆည်ကို မကျန်စေနဲ့
ပြီးရင် လယ်ကွင်းနဲ့စပါးပုံခြယ်ရင် အဝါနုနဲ့အရင်ခြယ်ပါ ပြီးမှ အဝါရင့်နဲ့
မှောင်ပါ
အိမ်ခေါင်မိုးနဲ့နွားလှည်းကို အဝါရင့်+အဖြူနဲ့ အရင်ခြယ်ပါ
အဝါရင့် အညိုနု ခရမ်းနဲ့ တစ်ဆင့်စီမှောင်ပါ
အပင်တွေက အစိမ်းရင့်တင်ပြီး အစိမ်းနုနဲ့လင်းရင် သတိထားပါ
အစိမ်းနုတင်တာ နည်းနည်းနေတယ်
လူကို အလင်းအမှောင်ထည့်ပြီး ကွပ်ရင်အမဲနဲ့မကွပ်ပါနဲ့ အညိုနဲ့ပဲကွပ်ပါ
ပုံမှ မြင်သာအောင် အမဲနဲ့ကွပ်ပေးထားတာ
မျက်လုံး မျက်ခုံးနဲ့ ဆံပင်ပဲ အမဲခြယ်ပါ
နွားလှည်းဆွဲရာမှာ သတိထားပါ
လှည်းဘီးကြီးပြီး နွားက ရှေ့ပိုင်းသေးသွားမယ်။

၂၀၁၃၊ ဧပြီ။

(အားလပ်ရက် အိမ်ရှင်းရင်းက ထွက်လာတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကပန်းချီပုံတစ်ပုံရဲ့  နောက်ကျောဘက်မှာ ပန်းချီဆရာမ ရေးပေးလိုက်တဲ့စာတွေပါ။)

Sunday, April 14, 2013

နာမည်



တောင်မမှည့်ရသေးဘူး သေပြီ
တစ်လုံးသောက်ရင် ခေါင်းကိုက်ပျောက်တယ်
ခေါင်းမပါတဲ့ကောင်က ပုခုံးမှာတစ်လို့
အလုံးနှစ်ဆယ်သောက်ရင် သေတတ်တယ်
ဆေးကုမ္ပဏီဆိုတာ ကျွန်တော်-ကျွန်မတို့အတွက် ခရိုနီပါပဲ
ဘိုင်အိုဂျက်ဆစ် - နံပါတ်တစ်
လေပြွန်ကိုဓားနဲ့ခွဲလိုက်တော့ သေမင်းသေခြင်းဟာရှူးခနဲ ပြန်ထွက်သွား
စန္ဒာမွှေးနေပြန်ကောင်းလာတယ် စန္ဒာမွှေးတငိုငိုတရီရီနဲ့
ဘယ်သူခဲနဲ့ပေါက်တာလဲ
သူ့ရင်ဘတ်ထဲစက်ခေါင်းအိုကြီး ထည့်ခုတ်မောင်းလို့
မုတ်ဆိတ်မီးစွဲ ကျီးကန်းချီးပါ နွားမပေါင်ကျိုး
သောက်စေချင်ခုတင်တွင်ထောင်ခဲ့ကွယ့်
လိမ္မော်ရောင်တွေ တစ်ဝက်နဲ့ကုန်သွားတယ်
ညိုနွဲ့ရဲ့လေး
ခန္ဓာကိုယ်ဟာ လေးကိုင်းသဏ္ဍာန်ကွေးညွှတ်လာ
လေးညှို့ဆွဲထားသူ သေမင်းသေခြင်းလား
ဆေးတံတိုတစ်ညိုလောက်
ကျွန်တော်-ကျွန်မတို့ဟာ ခရိုနီပါပဲ
ငရဲမီးနဲ့ပက်မှာစိုးတယ်
ဘယ်လိုပြောရမလဲ ကမ္ဘာကြီးပူသထက်ပူ ပူ ပူ ပူ ပူနွေးလာပြီ
ဘိုင်အိုဂျက်ဆစ်
နေ့လည်စာ အုန်းထမင်းနဲ့ကြက်သားဟင်း
နံပါတ်တစ်

လင်းဇင်ယော်
၂၀၁၃၊ ဧပြီ။