Friday, July 5, 2013

ဖထီး




တောင်ယာလုပ်တယ် ကော်ပတ်ခြစ်တယ် ပိုက်ဆံတော့မရဘူး စပါးပေးတယ် တစ်နှစ်ကို တင်းနှစ်ဆယ်၊ သုံးဆယ် ပြန်မရောင်းဘူး စားဖို့သိမ်းတယ် သစ်ခုတ်ဖို့ ကူလီလုပ်ဖို့လူလိုရင် အငှားလိုက်တယ် ပိုက်ဆံနည်းနည်းပါးပါးရတယ် သုံးဖို့စွဲဖို့ ဟင်းစားအတွက် တစ်ခါတလေငါးဖမ်းတယ် ချောင်းထဲမြောင်းထဲ
မိန်းမကအိမ်မှာပဲ ထမင်းချက် ကလေးထိန်း ကလေးသုံးယောက် (အကြီးဆုံးသမီးကအိမ်မှာကျန်ခဲ့တယ်) သမီး တစ်ယောက်ပဲရှိတယ် နောက်ထပ်သမီးတစ်ယောက်ထပ်မွေးချင်တယ် အငယ်ဆုံးကောင်လေးက ချူချာတယ် သူကြီးလာရင် စာသင်လို့မရဘူး စာသင်ရခက်လိမ့်မယ်လို့ပြောတယ်
ဒေါင်းဆိုလားပဲ

ရွာနဲ့အနီးဆုံးဆေးရုံက ဆိုင်ကယ်နဲ့သွားရင် နှစ်နာရီကြာတယ် 
ရွာမှာသားဖွားဆရာမရှိတယ် ကလေးမမွေးဘူး ဆေးလိုက်ထိုးတယ်
ရွာမှာချက်ကြိုးကိုဝါးခြမ်းပြားနဲ့ဖြတ်တယ် သေတယ်ပျောက်တယ်ရှိတယ်
ရွာမှာကလေးလိုက်မွေးပေးတဲ့သူရှိတယ် ပိုက်ဆံလား ဟင့်အင်း

ဒီမှာတော့ တစ်နေ့သုံးထောင်ကုန်တယ် ဒီကောင်လေး(ကြမ်းပြင်မှာလူးလှိမ့်ဆော့ကစားနေသော ကလေးအားကြည့်လျက်)ဂျီကျတဲ့နေ့ဆိုလေးထောင် ဆေးရုံကပေးတဲ့သုံးသောင်းကုန်ပြီ အလှူရှင်ပေးတဲ့ ငါးသောင်း နှစ်သောင်းကျန်သေးတယ် မိန်းမကနားနည်းနည်းလေးတယ် ဗမာလိုသိပ်နားမလည်ဘူး အငယ်ဆုံးကလေးက အချိန်တန်ရင်နို့စို့တယ် အချိန်တန်ရင်အမောဖောက်တယ် အချိန်တန်ရင်အိပ်တယ်

ဘယ်နှစ်ရက်ထပ်နေရအုံးမလဲ မသိသေးဘူး
ဒီကောင်လေးက ဒီနေ့ငါးဟင်းစားမယ်လို့ပြောတယ်

ရနံ့သစ် - ၂၀၁၃၊ ဇူလိုင်။



No comments:

Post a Comment