အုတ်နံရံပေါ်ကို လက်နဲ့အသာ
ကုတ်ပွတ်လိုက်တာနဲ့ တစ်ဆုပ်တစ်ခဲပါလာတဲ့ ရေညှိ
အထွေးလိုက်ကြားမှာ
လည်တဆန့်ဆန့် ပြိုင်တူယိမ်းနေကြတဲ့ ဘဲငန်းလိုလို၊ ကြက်ဖလိုလို၊
မြွေဟောက်လိုလို အပင်ငေါက်တောက်လေးများကို
တစ်ယောက်တစ်ပင်ကိုင်ကြပြီး
လည်ချင်းချိတ်၊ မျက်စိမှိတ်၊
တစ်၊ နှစ်၊ သုံး ပြိုင်တူအော်ပြီး ဆွဲ၊ ပြီး၊ မျက်လုံးပြန်ဖွင့်ကြည့်၊
ခေါင်းပြတ်ပြီး လက်ထဲမှာ
အမြီးပဲကျန်ရစ်ခဲ့တဲ့ကောင် ရှုံး၊ တချို့ခေါင်းတွေက စိမ်းစိုစို၊ အဆံ
ကြီးကြီးနဲ့ ခန့်ညားပေမယ့်
တကယ်တန်းယှဉ်ဆွဲရင် ခွက်ခွက်လန်အောင်ရှုံး၊ တချို့ခေါင်းထိပ်မှာ
နှုတ်သီးလိုလို၊ အမောက်လိုလို၊
ထိပ်ဖူးနီရဲရဲလေးနဲ့ ကြည့်လို့လှပေမယ့် သူတို့လည်း စိတ်မချရ၊
နိုင်တစ်လှည့်၊ ရှုံးတစ်လှည့်၊
နီညိုညိုမည်းပိန်ပိန် ရှုံ့တွခြောက်သယောင်းနေတဲ့ အဆံသေးသေး
ပိန်တာရိုးခေါင်းမျိုးကမှ ပွဲတိုင်းကျော်၊ ခေါင်းဖြတ်ဗိုလ်၊ ခေါင်းနီဆိုရင် ကျန်တဲ့ကောင်တွေ
ပိန်တာရိုးခေါင်းမျိုးကမှ ပွဲတိုင်းကျော်၊ ခေါင်းဖြတ်ဗိုလ်၊ ခေါင်းနီဆိုရင် ကျန်တဲ့ကောင်တွေ
မျက်စောင်းမထိုးရဲ၊
ခေါင်းနီကိုယှဉ်ဖြတ်နိုင်တာ ခေါင်းနီပဲ၊ ခေါင်းနီဗိုလ်ပဲ၊ ခေါင်းနီးအချင်းချင်း
တွေ့ရင်တော့ လက်သာတဲ့ကောင်
အနိုင်၊ ခေါင်းနီအချင်းချင်း ယှဉ်ဖြတ်ကြပြီဆိုရင် လျှာပေါ်တင်၊
တံတွေးနဲ့အမြှုပ်တစီစီ ရွှဲအောင်ဆွတ်ပြီး မန်းကြ မှုတ်ကြ ဆွဲကြ ဖြတ်ကြ၊ နိုင်တဲ့ကောင်
တံတွေးနဲ့အမြှုပ်တစီစီ ရွှဲအောင်ဆွတ်ပြီး မန်းကြ မှုတ်ကြ ဆွဲကြ ဖြတ်ကြ၊ နိုင်တဲ့ကောင်
အာကျယ်၊ ရှုံးတဲ့ကောင်
မျက်စောင်းခဲ၊ တောက်ခေါက်၊ အားမရရင် နိုင်တဲ့ကောင်ရဲ့ခေါင်းနီကို
လက်နဲ့ ဖြတ်ခနဲ ဆွဲဖြုတ်၊
လက်မနဲ့လက်ညှိုးကြား ဖိပွတ်ကြိတ်ချေ၊ ဆဲဆို၊ ဆွဲထိုး၊ ရုံးခန်းရောက်၊
မကျေနပ်ရင် မကြေပွဲထပ်နွှဲ၊
ကျောင်းတက်ခေါင်းလောင်း မထိုးသေးခင်စပ်ကြား၊ ကမ္ဘာမကြေသီချင်း
မဆိုရခင်စပ်ကြား၊ မင်္ဂလာပါဆရာမ
နှုတ်မဆက်ရသေးတဲ့အခါမျိုး၊ ကျေးဇူးတင်ပါတယ်ဆရာမ
နှုတ်ဆက်ပြီးသွားတဲ့အခါမျိုး၊ သုံးမိနစ်ပဲရရ၊ ငါးမိနစ်ပဲရရ၊ ရသမျှအချိန်အတွင်း စာသင်ခုံပေါ်ခွပြီး
မျက်နှာချင်းဆိုင်ထိုင်၊ မျက်လုံးချင်းစိုက်ကြည့်၊ အိမ်သာသွားချင်ယောင်ဆောင်ပြီး ဆွဲနှုတ်လာတဲ့၊
နှုတ်ဆက်ပြီးသွားတဲ့အခါမျိုး၊ သုံးမိနစ်ပဲရရ၊ ငါးမိနစ်ပဲရရ၊ ရသမျှအချိန်အတွင်း စာသင်ခုံပေါ်ခွပြီး
မျက်နှာချင်းဆိုင်ထိုင်၊ မျက်လုံးချင်းစိုက်ကြည့်၊ အိမ်သာသွားချင်ယောင်ဆောင်ပြီး ဆွဲနှုတ်လာတဲ့၊
စာသင်ခုံအံထဲ၊ လွယ်အိတ်ထောင့်ထဲ၊
စာအုပ်ကြားထဲ ဆရာမ မသိအောင် လျှို့ဝှက်ထားတဲ့၊
ခေါင်းနီပေါင်းများစွာထဲက
အကောင်းဆုံးလို့ထင်ရတဲ့ ခေါင်းနီတစ်ကောင်ရွေးထုတ်၊ အင်္ကျီလက်မောင်း
ပင့်တင်၊ ခေါင်းချင်းချိတ်၊
လည်ချင်းချိတ်၊ ဒိုင်လုပ်တဲ့ကောင်က တစ်၊ နှစ်၊ သုံး၊ ဆွဲဆိုတာနဲ့
မျက်စိစုံမှိတ်၊ ခေါင်းနီရဲ့အမြီးကိုကိုင်ထားတဲ့
လက်မနဲ့လက်ညှိုးထိပ်ဖျားဆီ အတွင်းအားများ စုစည်းပို့ဆောင်ပြီးသကာလ ပေါက်ကွဲအားပြင်း
လက်ပစ်ဗုံးတစ်လုံးရဲ့ စံနက်တံကို ဆွဲဖြုတ်
ပစ်ကြဲလိုက်သလို အသားကုန်
ဆောင့်ဆွဲ၊ အသားကုန်သာ ဆောင့်ဆွဲ။
လင်းဇင်ယော်
၂၀၁၃၊ ဒီဇင်ဘာ။